Welcome to 334’s Wonderland!
သုံးသုံးလေးကို ဖေဖေ၊ မေမေတို့က IVF (ဖန်ပြွန်သန္ဓေသား) နည်းပညာဖြင့် ခက်ခက်ခဲခဲ ရယူပြီး မွေးဖွားခဲ့ရတာ ဖြစ်ပါတယ်။ ယခုလို ရယူခဲ့ရတာဖြစ်လို့ သုံးသုံးလေး၏ သင်ကြားရေး၊ ကျန်းမာရေး စသည်တို့ကို စနစ်တကျ သေချာဂရုစိုက် ပြုစုပျိုးထောင်ပြီး၊ သုံးသုံးလေး (၁ ) လ အရွယ်တွင် စတင်ပြီး Black & White Flash card များပြပေးခြင်း၊ ပုံပြင် စာအုပ်များဖတ်ပြခြင်း ၊ အသက် ( ၆ ) လ အရွယ်မှ စတင်ကာ တရိစ္ဆာန်၊ အသီးအနှံ Flash card များ ပြပေးခြင်း၊ Number / Shape စသည့် သင်ထောက်ကူပြု ပစ္စည်းများဖြင့် သင်ကြားပေးခြင်း အစရှိသည့် အသက်အရွယ်အလိုက် သင်ကြားပေးခြင်းများကို စတင် လုပ်ပေးဖြစ်ခဲ့ပါသည်။
သုံးသုံးလေး၏ သင်ကြားရေးကိုအထောက်အကူပြုရန်၊ မြန်မာ့ယဉ်ကျေးမှုနှင့် ပတ်သက်၍ ငယ်စဉ်တည်းက သိရှိနားလည်စေရန် စိတ်ကူးပုံဖော်ရင်း အခြားရင်သွေးလေးများသည်လဲ သုံးသုံးလေးနည်းတူ ပျော်ပျော်ရွှင်ရွှင် လေ့လာသင်ယူနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ 334’s Wonderland အား ဖန်တီးဖြစ်ခဲ့ခြင်းဖြစ်ပါတယ်။