မိုးပျံပူဖောင်းကြီးပျော်ပျော်စီး

responsive_retina

မိဘများအတွက်လမ်းညွှန်ချက်

ပစ္စည်း(သို့မဟုတ်) ပုံသဏ္ဍာန်များကို တိတိကျကျ တွဲစပ်ဆော့ကစားရမည်ဖြစ်သည်။

  • ယခုသင်ခန်းစာသည် ပုဂံတွင် မိုးပျံပူဖောင်းစီးနင်းမှုအကြောင်းအရာကိုသရုပ်ဖော်ထားခြင်းဖြစ်ပါသည်။
  • မိုးပျံပူဖောင်းကိုပျံတက်စေရန်အတွက်အရောင်၊ ပုံစံအလိုက် ရွေးချယ်ကာတွဲစပ်ပေးရမည်ဖြစ်သည်။
  • သင်ခန်းစာအားမစတင်မီ ပုဂံတွင် မိုးပျံပူဖောင်းစီးနင်းမှုအကြောင်းကိုသေချာရှင်းပြပေးပါ။
  • မိဘများမှ ကလေးအားသင်ခန်းစာကို ဆော့မကစားစေမီ သင်ခန်းစာတွင်ပါဝင်သော မိုးပျံပူဖောင်းကိုပျံတက်စေရန်အတွက်အရောင်၊ ပုံစံအလိုက် ရွေးချယ်ကာတွဲစပ်ပြကာဦးစွာဆော့ကစားပြ၍သင်ကြားပေးပါ။
  • ထို့နောက် ကလေးအားဆော့ကစားစေပြီး အခက်အခဲများတွေ့ပါက အမှန်ကိုပြသကာ အဘယ့်ကြောင့်ဤသို့ရွေးချယ်ရသည်ဆိုသောအဖြေကို ဂရုတစိုက်ရှင်းပြပေးပါ။

အကျိုးကျေးဇူးများ
  • ပစ္စည်းအမျိုးအစားများကို အလွယ်တကူခွဲခြားသိမြင်နိုင်ခြင်း
  • အာရုံစူးစိုက်မှု ပိုမိုအားကောင်းလာခြင်း
  • အမှား၊ အမှန်ကို ဝေဖန်ပိုင်းခြားတတ်လာခြင်း

Gallery

သုံးသုံးလေးနှင့် အတူတူ ကြိုက်နှစ်သက်ရာ lessons လေးတွေကို ပျော်ပျော်ရွှင်ရွှင်ဆော့ကစားရင်း သင်ယူကြမယ်