ပတ်ဝန်းကျင် ထိန်းသိမ်းစို့

responsive_retina

မိဘများအတွက်လမ်းညွှန်ချက်

ရောနှောထားသော အသီးအနှံ၊ အသုံးအဆောင်ပစ္စည်း စသည့် အရာဝတ္ထုများထဲမှာ အမျိုးအစားတူရာကို ရွေးချယ်စုစည်းပေးရမည်။

  • ယခုသင်ခန်းစာသည် ကလေးများအားစွန့်ပစ်ပစ္စည်းများကိုစနစ်တကျ စွန့်ပစ်တတ်စေရန် ပုံဖော်ထားခြင်းဖြစ်သည်။
  • အမှိုက် နှင့် ကစားစရာများကို ခွဲခြားထည့်သွင်းကာဆော့ကစားရမည်ဖြစ်သည်။
  • သင်ခန်းစာအားမစတင်မီ စွန့်ပစ်ပစ္စည်းများအကြောင်းနှင့်စွန့်ပစ်ပစ္စည်းများကြောင့်ကမ္ဘာမြေကြီးညစ်ပတ်နေကြောင်း၊အမှိုက်အားစနစ်တကျစွန့်ပစ်မှသာ ကမ္ဘာကြီးသန့်ရှင်းလာနိုင်ကြောင်းကိုဦးစွာရှင်းပြပေးပါ။
  • မိဘများမှ ကလေးအားသင်ခန်းစာကို ဆော့မကစားစေမီ သင်ခန်းစာတွင်ပါဝင်သောစွန့်ပစ်ပစ္စည်းများကို အမှိုက်ထဲသို့စနစ်တကျစွန့်ပစ်ပြကာဦးစွာဆော့ကစားပြ၍သင်ကြားပေးပါ။
  • ထို့နောက် ကလေးအားဆော့ကစားစေပြီး အခက်အခဲများတွေ့ပါက အမှန်ကိုပြသကာ အဘယ့်ကြောင့်ဤသို့ရွေးချယ်ရသည်ဆိုသောအဖြေကို ဂရုတစိုက်ရှင်းပြပေးပါ။

အကျိုးကျေးဇူးများ
  • ပစ္စည်းအမျိုးအစားများကို အလွယ်တကူခွဲခြားသိမြင်နိုင်ခြင်း
  • အာရုံစူးစိုက်မှု ပိုမိုအားကောင်းလာခြင်း
  • အမှား၊ အမှန်ကို ဝေဖန်ပိုင်းခြားတတ်လာခြင်း

Gallery

သုံးသုံးလေးနှင့် အတူတူ ကြိုက်နှစ်သက်ရာ lessons လေးတွေကို ပျော်ပျော်ရွှင်ရွှင်ဆော့ကစားရင်း သင်ယူကြမယ်