နွားလှည်းလေးနဲ့ တူပျော်ပျော်
မိဘများအတွက်လမ်းညွှန်ချက်
အရောင်အမျိုးမျိုးပေါ် အခြေခံထားသော အရာဝတ္ထု၊ ပုံသဏ္ဍာန် အမျိုးမျိုး စသည်တို့ကို တူညီသော အုပ်စုများခွဲခြားပေးရမည်ဖြစ်သည်။
- ယခုသင်ခန်းစာသည်မြန်မာ့ရိုးရာ နွားလှည်းနှင့် မြန်မာ့ကလေးကစားစရာများကိုပုံဖော်ထားခြင်းဖြစ်သည်။
- နွားလှည်းတွင်ပါဝင်သောအရောင် အကန့်များအလိုက်မြန်မာ့ရိုးရာကလေးကစားစရာများကိုအရောင်အလိုက်ထည့်ပေးကာဆော့ကစားရမည်ဖြစ်သည်။
- သင်ခန်းစာအားမစတင်မီ မြန်မာ့နွားလှည်းအကြောင်းနှင့်မြန်မာ့ရိုးရာကလေးကစားစရာများ၏ကဏ္ဏများအကြောင်းကိုဦးစွာရှင်းပြပေးပါ။
- မိဘများမှ ကလေးအားသင်ခန်းစာကို ဆော့မကစားစေမီ သင်ခန်းစာတွင်ပါဝင်သော မြန်မာ့ရိုးရာကလေးကစားစရာများ၏အရောင်အလိုက် နွားလှည်း၏အရောင်အကန့်များကိုအစီအစဉ်တကျနေရာထည့်သွင်းပြကာ ဦးစွာဆော့ကစားပြ၍သင်ကြားပေးပါ။
- ထို့နောက် ကလေးအားဆော့ကစားစေပြီး အခက်အခဲများတွေ့ပါက အမှန်ကိုပြသကာ အဘယ့်ကြောင့်ဤသို့ရွေးချယ်ရသည်ဆိုသောအဖြေကို ဂရုတစိုက်ရှင်းပြပေးပါ။
အကျိုးကျေးဇူးများ
- အရောင် နှင့် အမျိုးအစားအပေါ် နားလည်မှုစွမ်းရည် မြင့်မားလာခြင်း၊
- တွေးခေါ်မှုပိုင်းဆိုင်ရာ တိုးတက်လာခြင်း၊
- စူးစမ်းလေ့လာမှုဆိုင်ရာ အားကောင်းလာခြင်း
Gallery
သုံးသုံးလေးနှင့် အတူတူ ကြိုက်နှစ်သက်ရာ lessons လေးတွေကို ပျော်ပျော်ရွှင်ရွှင်ဆော့ကစားရင်း သင်ယူကြမယ်