တူရာတူရာ ရွေးကြမယ်

responsive_retina

မိဘများအတွက်လမ်းညွှန်ချက်

ရောနှောထားသော အသီးအနှံ၊ အဝတ်အစား စသည့် အရာဝတ္ထုများထဲမှ အမျိုးအစားတူရာကို ရွေးချယ်စုစည်းပေးရမည်။

  • ယခုသင်ခန်းစာသည် အစားအသောက်များ၊အဝတ်အထည်များကို မျိုးတူ​စုပေးခြင်းကိုပုံဖော်ထားခြင်းဖြစ်သည်။
  • အဝတ်အထည်များ၊အစားအသောက်များနှင့်အသုံးအဆောင်များကို မျိုးတူစုပေးရင်းဆော့ကစားရမည်ဖြစ်သည်။
  • သင်ခန်းစာအားမစတင်မီ အဝတ်အထည်များ၊အစားအသောက်များနှင့်အသုံးအဆောင်များသည်ပုံစံမျိုးစုံဖြစ်နိုင်ကြောင်းနှင့် အမျိုးအစားတူဖြစ်နိုင်ကြောင်း ဦးစွာရှင်းပြပေးပါ။
  • မိဘများမှ ကလေးအားသင်ခန်းစာကို ဆော့မကစားစေမီ သင်ခန်းစာတွင်ပါဝင်သော အဝတ်အထည်များ၊အစားအသောက်များနှင့်အသုံးအဆောင်များ အံဂွင်ဝင်ကျဖြစ်အောင် ဦးစွာဆော့ကစားပြ၍သင်ကြားပေးပါ။
  • ထို့နောက် ကလေးအားဆော့ကစားစေပြီး အခက်အခဲများတွေ့ပါက အမှန်ကိုပြသကာ အဘယ့်ကြောင့်ဤသို့ရွေးချယ်ရသည်ဆိုသောအဖြေကို ဂရုတစိုက်ရှင်းပြပေးပါ။

အကျိုးကျေးဇူးများ
  • ပစ္စည်းအမျိုးအစားများကို အလွယ်တကူခွဲခြားသိမြင်နိုင်ခြင်း
  • အာရုံစူးစိုက်မှု ပိုမိုအားကောင်းလာခြင်း
  • အမှား၊ အမှန်ကို ဝေဖန်ပိုင်းခြားတတ်လာခြင်း

Gallery

သုံးသုံးလေးနှင့် အတူတူ ကြိုက်နှစ်သက်ရာ lessons လေးတွေကို ပျော်ပျော်ရွှင်ရွှင်ဆော့ကစားရင်း သင်ယူကြမယ်