ချက်မယ်ပြုတ်မယ်
မိဘများအတွက်လမ်းညွှန်ချက်
ပြထားသောအရာဝတ္ထုများကို သတ်မှတ်ထားသောနေရာများတွင် မှန်ကန်စွာ ထည့်ပေးခြင်း ဖြင့် ဆော့ကစားရမည်ဖြစ်သည်။
- ယခုသင်ခန်းစာသည် baby ၃၃၄ ၏ချက်ပြုတ်စီမံခြင်းကိုပုံဖော်ထားခြင်းဖြစ်သည်။
- baby ၃၃၄ မှစိတ်ကူးသော ဟင်းချက်ပြုတ်ရာတွင်လိုအပ်သော ချက်ပြုတ်စရာအသား၊ငါး၊ဟင်းခတ်အမွှေးအကြိုင်များကို ရှာဖွေပေးရမည်ဖြစ်သည်။
- သင်ခန်းစာအား မစတင်မှီ ဟင်းချက်ပြုတ်စရာများ၏အသုံးဝင်ပုံနှင့် အမျိုးအမည်များကိုသေချာပေးရှင်းပြပေးပါ။
- မိဘများမှ ကလေးအားသင်ခန်းစာကို ဆော့မကစားစေမှီ သင်ခန်းစာတွင်ပါဝင်သော ဟင်းချက်ရန်လိုအပ်သည့်ပစ္စည်းများကိုသေချာရွေးချယ်ပြကာဦးစွာဆော့ကစားပြ၍သင်ကြားပေးပါ။
- ထို့နောက် ကလေးအားဆော့ကစားစေပြီး အခက်အခဲများတွေ့ပါက အမှန်ကိုပြသကာ အဘယ့်ကြောင့်ဤသို့ရွေးချယ်ရသည်ဆိုသောအဖြေကို ဂရုတစိုက်ရှင်းပြပေးပါ။
အကျိုးကျေးဇူးများ
- အာရုံစူးစိုက်နိုင်မှု မြင့်မားလာခြင်း
- သင်ယူနိုင်မှုစွမ်းရည် မြင့်တက်လာစေခြင်း
- ကိုယ်ပိုင်ဉာဏ်ဖြင့် ပြသာနာ များဖြေရှင်းနိုင်ခြင်း။
Gallery
သုံးသုံးလေးနှင့် အတူတူ ကြိုက်နှစ်သက်ရာ lessons လေးတွေကို ပျော်ပျော်ရွှင်ရွှင်ဆော့ကစားရင်း သင်ယူကြမယ်