ဈေးဝယ်ထွက်ကြမယ်

responsive_retina

မိဘများအတွက်လမ်းညွှန်ချက်

အရာဝတ္ထုများကိုရေတွက်ခြင်းဖြင့် ဈေးခြင်းတောင်းထဲတွင် မှန်ကန်စွာထည့်ပေးကာ ဆော့ကစားပေးရမည် ဖြစ်သည်။

  • ယခုသင်ခန်းစာသည် စူပါမားကတ် အတွင်း စျေးဝယ်ထွက်ခြင်းကို သရုပ်ဖော်ထားခြင်းဖြစ်သည်။
  • မိမိစျေးဝယ်သူများ၏ လိုချင်သောပစ္စည်းများကို စျေးဝယ်သူအရေအတွက်အလိုက်ပေးကာ ဆော့ကစားပေးရမည်ဖြစ်သည်။
  • သင်ခန်းစာအားမစတင်မှီ ပစ္စည်းများ၏ အရေအတွက်များ၊ကိန်းဂဏန်းများ၏အရေးပါပုံများ နှင့် ကိန်းဂဏန်းများသည်မည်မျှရှိကြောင်းကိုဦးစွာရှင်းပြပေးပါ။
  • မိဘများမှ ကလေးအားသင်ခန်းစာကို ဆော့မကစားစေမှီ သင်ခန်းစာတွင်ပါဝင်သော ကိန်းဂဏန်း များကိုမှန်ကန်အောင်ရွေးချယ်ပြပြီး ဦးစွာဆော့ကစားသင်ကြားပေးပါ။
  • ထို့နောက် ကလေးအားဆော့ကစားစေပြီး အခက်အခဲများတွေ့ပါက အမှန်ကိုပြသကာ အဘယ့်ကြောင့်ဤသို့ရွေးချယ်ရသည်ဆိုသောအဖြေကို ဂရုတစိုက်ရှင်းပြပေးပါ။

အကျိုးကျေးဇူးများ
  • နံပါတ်များနှင့် ရင်းနှီးစေခြင်း
  • ကိုယ်ပိုင်ဉာဏ်ဖြင့် နံပါတ်များကို လေ့လာနိုင်ခြင်း (သို့မဟုတ်) ရေတွက်နိုင်ခြင်း
  • အခြေခံသင်္ချာစွမ်းရည်ကို တိုးတက်စေနိုင်ခြင်း

Gallery

သုံးသုံးလေးနှင့် အတူတူ ကြိုက်နှစ်သက်ရာ lessons လေးတွေကို ပျော်ပျော်ရွှင်ရွှင်ဆော့ကစားရင်း သင်ယူကြမယ်