မုန့်ဟင်းခါးပူပူလေး

responsive_retina

မိဘများအတွက်လမ်းညွှန်ချက်

ပစ္စည်း (သို့မဟုတ်) ပုံစံများကို အသေး၊ အကြီး တူရာ ရွေးချယ်ပေးရမည်ဖြစ်သည်။

  • ယခု သင်ခန်းစာသည် မြန်မာ့ရိုးရာစားစရာ မုန့်ဟင်းခါးအား ပုံဖော်ထားခြင်းဖြစ်ပါသည်။
  • မုန့်ဟင်းခါးတွင်ပါဝင်သော ဟင်းရည်၊ မုန့်ဖတ်၊ အကြော်၊ နံနံပင်၊ အိုးဘဲဥ အစရှိသည်တို့ကို အကြီးအသေး အရွယ်အစားအလိုက် ထားရှိဆော့ကစားရမည်ဖြစ်သည်။
  • သင်ခန်းစာအား မစတင်မှီ မိမိပတ်ဝန်းကျင်တွင်ရှိသောအရာဝတ္ထုများသည် အရွယ်အစားအမျိုးမျိုးဖြင့်တည်ရှိနေကြောင်း နှင့် မည်သည့်အရွယ်အစားများရှိကြောင်းကိုဦးစွာရှင်းပြပေးပါ။
  • မိဘများမှ ကလေးအားသင်ခန်းစာကို ဆော့မကစားစေမှီ သင်ခန်းစာတွင်ပါဝင်သော အရွယ်အစားများကိုမှန်ကန်အောင်ရွေးချယ်ပြပြီး ဦးစွာဆော့ကစားသင်ကြားပေးပါ။
  • ထို့နောက် ကလေးအားဆော့ကစားစေပြီး အခက်အခဲများတွေ့ပါက အမှန်ကိုပြသကာ အဘယ့်ကြောင့်ဤသို့ရွေးချယ်ရသည်ဆိုသောအဖြေကို ဂရုတစိုက်ရှင်းပြပေးပါ။

အကျိုးကျေးဇူးများ
  • ပစ္စည်းအရွယ်အစားများကို သိမြင်နားလည်ခြင်း
  • အာရုံစူးစိုက်မှု အားကောင်းလာခြင်း
  • ပြသာနာများကို ကိုယ်တိုင်ဖြေရှင်းနိုင်ခြင်း

Gallery

သုံးသုံးလေးနှင့် အတူတူ ကြိုက်နှစ်သက်ရာ lessons လေးတွေကို ပျော်ပျော်ရွှင်ရွှင်ဆော့ကစားရင်း သင်ယူကြမယ်