ဆွမ်းတော်ဗျို့
မိဘများအတွက်လမ်းညွှန်ချက်
အရောင်အမျိုးမျိုးပေါ် အခြေခံထားသော အရာဝတ္ထု ၊ ပုံသဏ္ဍာန် အမျိုးမျိုး စသည်တို့ကို တူညီသော အုပ်စုများခွဲခြားပေးရမည်ဖြစ်သည်။
- ယခုသင်ခန်းစာသည် ဖိုးသူတော်လေး(၂)ဦး၏ ဆွမ်းလိုက်ခံကာ ဆွမ်းတော်ကပ်ခြင်းကို ပုံဖော်ထားခြင်းဖြစ်သည်။
- ဆွမ်းချက်ရာတွင်လိုအပ်သော အသားငါး၊အိုးခွက်များ၊ ဆွမ်းချိုင့်များကို အရောင်အလိုက်ထားကာ ဆော့ကစားပေးရခြင်းဖြစ်သည်။
- သင်ခန်းစာအားမစတင်မီ ဖိုးသူတော်လေးအကြောင်း၊ မြန်မာ့ဓလေ့ဖြစ်သော မနက်ခင်းအာရုံတက်ချိန် ဆွမ်းချက်ခြင်းအကြောင်းနှင့် ပါဝင်ပစ္စည်းများအကြောင်းကို ဦးစွာရှင်းပြထားသင့်သည်။
- မိဘများမှ ကလေးအားသင်ခန်းစာကို ဆော့မကစားစေမီ သင်ခန်းစာတွင်ပါဝင်သော ဆွမ်းချက်ရာတွင်အသုံးပြုမည့် ပါဝင်ပစ္စည်းများ၊ဆွမ်းချိုင့်များကိုအရောင်အလိုက် ထားကာဦးစွာဆော့ကစားပြ၍သင်ကြားပေးပါ။
- ထို့နောက် ကလေးအားဆော့ကစားစေပြီး အခက်အခဲများတွေ့ပါက အမှန်ကိုပြသကာ အဘယ့်ကြောင့်ဤသို့ရွေးချယ်ရသည်ဆိုသောအဖြေကို ဂရုတစိုက်ရှင်းပြပေးပါ။
အကျိုးကျေးဇူးများ
- အရောင်အပေါ် နားလည်မှုစွမ်းရည် မြင့်မားလာခြင်း၊
- တွေးခေါ်မှုပိုင်းဆိုင်ရာ တိုးတက်လာခြင်း၊
- စူးစမ်းလေ့လာမှုဆိုင်ရာ အားကောင်းလာခြင်း
Gallery
သုံးသုံးလေးနှင့် အတူတူ ကြိုက်နှစ်သက်ရာ lessons လေးတွေကို ပျော်ပျော်ရွှင်ရွှင်ဆော့ကစားရင်း သင်ယူကြမယ်