ကျောင်းသွားကြမယ်
မိဘများအတွက်လမ်းညွှန်ချက်
ပစ္စည်း (သို့မဟုတ်) ပုံစံများကို အသေး၊ အကြီး တူရာ ရွေးချယ်ပေးရမည်ဖြစ်သည်။
- ယခု သင်ခန်းစာသည် ကလေးများကျောင်းတက်ချိန်ပြင်ဆင်ကြပုံကိုသရုပ်ဖော်ထားခြင်းဖြစ်ပါသည်။
- ကျောင်းသွားရာတွင်လိုအပ်သော ခဲတံ၊ပေတံ၊ခဲဖျက်၊စာအုပ်၊ကွန်ပါဗူးတို့ကို အကြီးအသေးအလိုက်စီပေးရမည်ဖြစ်သည်။
- သင်ခန်းစာအား မစတင်မှီ ကျောင်းစာသင်ရာတွင်လိုအပ်သော ပစ္စည်းများကို မကျန်ခဲ့စေရန် သတိပေးရှင်းပြပေးပါ။
- မိဘများမှ ကလေးအားသင်ခန်းစာကို ဆော့မကစားစေမှီ သင်ခန်းစာတွင်ပါဝင်သော ကျောင်းတက်ရန်လိုအပ်သည့်ပစ္စည်းများကို အရွယ်အစားအကြီးအသေးအလိုက်စီပြကာဦးစွာဆော့ကစားပြ၍သင်ကြားပေးပါ။
- ထို့နောက် ကလေးအားဆော့ကစားစေပြီး အခက်အခဲများတွေ့ပါက အမှန်ကိုပြသကာ အဘယ့်ကြောင့်ဤသို့ရွေးချယ်ရသည်ဆိုသောအဖြေကို ဂရုတစိုက်ရှင်းပြပေးပါ။
အကျိုးကျေးဇူးများ
- ပစ္စည်းအရွယ်အစားများကို သိမြင်နားလည်ခြင်း
- အာရုံစူးစိုက်မှု အားကောင်းလာခြင်း
- ပြသာနာများကို ကိုယ်တိုင်ဖြေရှင်းနိုင်ခြင်း
Gallery
သုံးသုံးလေးနှင့် အတူတူ ကြိုက်နှစ်သက်ရာ lessons လေးတွေကို ပျော်ပျော်ရွှင်ရွှင်ဆော့ကစားရင်း သင်ယူကြမယ်