သုံးသုံးလေးရဲ့ အိမ်ပြန်ခရီး
မိဘများအတွက်လမ်းညွှန်ချက်
တြိဂံ / စက်ဝိုင်း / စတုရန်း စသော အရာဝတ္ထုများ၏ ပုံသဏ္ဍာန် အမျိုးအစားပေါ်မူတည်၍ မှန်ကန်စွာရွေးချယ်ကာ နေရာချရမည် ဖြစ်သည်။
- ယခုသင်ခန်းစာသည် ၃၃၄ ၏အိမ်ပြန်ခရီးကို ပုံဖော်ထားခြင်းဖြစ်သည်။
- ပစ္စည်းများ၏ပုံစံအမျိုးမျိုးကို မှန်ကန်သောနေရာတွင်ထည့်ပေးရင်း ၃၃၄ အား သူမ၏အိမ်ကလေးသို့ ရောက်ရှိစေရန် ဆော့ကစားပေးရမည်ဖြစ်သည်။
- သင်ခန်းစာအားမစတင်မီ အရာဝတ္ထုတစ်ချင်းစီ၏ပုံသဏ္ဏာန်များနှင့် အရာဝတ္ထုပစ္စည်းများသည်ပုံသဏ္ဏာန်မျိုးစုံဖြစ်နိုင်ကြောင်းကိုဦးစွာရှင်းပြပေးပါ။
- မိဘများမှ ကလေးအားသင်ခန်းစာကို ဆော့မကစားစေမီ သင်ခန်းစာတွင်ပါဝင်သော အရာဝတ္ထုတစ်ချင်းစီ၏ပုံသဏ္ဏန်များကို အံဂွင်ဝင်ကျဖြစ်အောင် ဦးစွာဆော့ကစားပြ၍သင်ကြားပေးပါ။
- ထို့နောက် ကလေးအားဆော့ကစားစေပြီး အခက်အခဲများတွေ့ပါက အမှန်ကိုပြသကာ အဘယ့်ကြောင့်ဤသို့ရွေးချယ်ရသည်ဆိုသောအဖြေကို ဂရုတစိုက်ရှင်းပြပေးပါ။
အကျိုးကျေးဇူးများ
- မတူညီသော ပုံသဏ္ဍာန်အမျိုးအစားများကို သိရှိလာခြင်း၊
- အမြင်အာရုံစူးစိုက်နိုင်ခြင်း၊
- အမျိုးအစားများကို လွယ်ကူစွာ ခွဲခြားနိုင်ခြင်း
Gallery
သုံးသုံးလေးနှင့် အတူတူ ကြိုက်နှစ်သက်ရာ lessons လေးတွေကို ပျော်ပျော်ရွှင်ရွှင်ဆော့ကစားရင်း သင်ယူကြမယ်